မဟာအောင်မြေ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၈၃ လမ်း၊ ၃၆×၃၇ လမ်းကြားတွင် ယနေ့နံနက် (၁ဝ) နာရီအချိန်က လုံးပတ် ၅ ပေပတ်လည် အမြင့်ပေ ၄၀ ခန့်ရှိ ထနောင်းပင်ပြိုလဲ၍ ကား (၃) စီးပေါ်တွင် ပိကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သစ်ပင်ပြိုလဲမှုကြောင့် လမ်းဘေးကွန်ကရစ်မီးတိုင် (၂) တိုင်နှင့် လျှပ်စစ်မီးကြိုးများပျက်စီးကာ ကား (၃) စီး ရှေ့နောက် ဘန်ပါ၊ ဘောနက်၊ လေကာမှန် ကွဲအက်ပျက်စီးခဲပြီး လူထိခိုက်မှုမရှိ ကြောင်းသိရသည်။
အဆိုပါ ထနောင်းပင်အား မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင် ဦး ဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး စုစုပေါင်း (၂၅) ဦးသည် ကယ်ဆယ်ရေးယာဉ် (၁) ဦး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ် (၁) စီး စုစုပေါင်းယာဉ် (၂) စီးဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် (၁၁) နာရီခွဲ အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း