မိုင်းပျဉ်းမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ် ဆရာဖြစ်သင်တန်း ဖွင့်ပွဲကျင်းပ

မိုင်းပျဉ်း မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ်    ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိစာသင်တိုက်တွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ် ဆရာဖြစ်သင်တန်းဖွင့်ပွဲတွင် မြို့နယ်သံဃာ့နာဃက  စွန်တောင်းကျောင်းဆရာတော်က သြဝါဒတရားတော်ကို မြွက်ကြားတော်မူပြီး၊ ကျောင်းလုံပရိယတိ္တစာသင်တိုက် ကျောင်းထိုင်ဆရာတော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ မြွက်ကြားတော်မူပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က သင်တန်းအဖွင့်အမှာစကားပြောကြားကာ သင်တန်းကိုစတင်သင်ကြားပါသည်။

မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတိ္တစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ် ဆရာဖြစ်သင်တန်းတွင် စွန်တောင်းကျောင်း ကျောင်းထိုင်ဆရာတော်၊ ကျောင်းလုံကျောင်းထိုင်ဆရာတော်နှင့် ကာလိကျောင်း   ကျောင်းထိုင်ဆရာတော်တို့က သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကို မေလ (၃၀)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကာ သင်တန်းသို့ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်များ၊ လက်ထောက် ကျောင်းထိုင်ဆရာတော်များနှင့် ကိုရင်ကြီးများ အပါး(၅၀) ကျော် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)