ရေးမြို့နယ်၌ (မြို့နယ်လုံးကျွတ်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရေး မေ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ (မြို့နယ်လုံးကျွတ်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ကျောင်းအပ်နှံရေးနေ့ လုပ်ငန်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ အခြေခံပညာကျောင်းများသို့ အခမဲ့ပေးဝေသည့် ကျောင်းသုံးဗလာစာအုပ်များကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာ/ ဆရာမကြီးများထံသို့  လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများမှ တာဝန်ရှိသူများထံသို့ ကျောင်းရန်ပုံငွေ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေး၊ ပြန်/ဆက်