နောင်ချိုမြို့နယ် ဆင်လမ်းစုကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ (၁၂၀’×၃၀’)အရွယ်အစား ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

နောင်ချိုမေ၃၀

နောင်ချိုမြို့နယ်ဆင်လမ်းစုကျေးရွာ အ..က(ခွဲ)ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း စေသနာအဖွဲ့တို့မှ ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်းဆောက်လုပ်ပြီးစီးသော (၁၂၀×၃၀’) အရွယ် စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အ..က(ခွဲ)ကျောင်းဆောင်သစ်ကို မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ကြည်တိုး၊ နောင်ချိုမြို့နယ် ပညာရေးမှူး ဒေါ်အေးအေးသင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ​ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်ဇော်နှင့် ဂျပန်နိပွန်ဖောင်ဒေးရှင်းစေသနာအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးတင်လေး တို့မှ ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ အခမ်းအနားတွင် နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဆောင်သစ်ကို အသုံးပြုခွင့်ရသည့် အတွက် ဤနေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများက ပညာသင်ပေးခြင်းအပြင် စိတ်ဓာတ်များပါ ပြုပြင်သင်ကြားပေးရန်နှင့် အတွေးအခေါ်များ၊ အမှား၊အမှန်များ ဝေးပန်ပိုင်းခြားရေး၊ ကိုချင်းစာတရားများထားနိုင်အောင် သင်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်ဇော်နှင့် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းစေသနာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးတင်လေးတို့မှ ကျောင်းဆောင်သစ် ဆောက်လုပ်မှုနှင့် ပက်သက်၍ အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့်အချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို ပညာရေးမှူးထံလွှဲပြောင်းပေးခြင်း၊ ပညာရေးပဒေသာပင် ငွေ(၈၃)သိန်းတိတိကို ဒေသခံပြည်သူများထံသို့ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့် ဒေသခံပြည်သူတို့မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်သည် ဂျပန်နိပွန်ဖောင်ဒေးရှင်းစေသနာအဖွဲ့မှ (၆၇၈)သိန်းနှင့် ရပ်ရွာဒေသခံပြည်သူများမှ (၈၃)သိန်း စုစုပေါင်းငွေကျပ် ၇၆၁ သိန်းခန့် ကုန်ကျငွေဖြင့် တည်ဆောက်ခဲ့ကြောင်း သိရ သည်။

ထွေးငယ်(၊ပြန်/ဆက်)