မိတ္ထီလာ မေ ၃၀
မိတ္ထီလာမြို့၌ ခရိုင်သစ်တောဦးစီးဌာန၏ ၂ဝ၂၂ ခုနှစ်မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မိတ္ထီလာ-မြင်းခြံ ကားလမ်းမအနီး လိန်တောကြိုးပြင်ကာကွယ်တောအတွင်း ကျင်းပကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ သစ်ပင်စိုက်ပျိုးကြမည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ သစ်ပင်ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း-၁ တို့ကပေးအပ်သည်။ ဆက်လက် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ လိန်တောကြိုးပြင် ကာကွယ်တောအတွင်း၌ တမာ၊ ယင်းမာ၊ စိန်ပန်း၊ မယ်ဇလီ၊ ဒဟတ်စသည့် သစ်ပင်ပျိုးပင် ၅၃ဝ ပင်ကို ခရိုင်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တက်ရောက်လာကြသူများက စုပေါင်းစိုက်ပျိုးကြောင်း သိရသည်။
အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းဝင်းအတွင်းရှိ ဧကရာဇ်လမ်းဘေးဝဲယာတွင် စိန်ပန်းပင်၊ တမာပင်များ စိုက်ပျိုးခဲ့ကြပြီး ကျောင်းဝင်းအတွင်းရှိ မြေလွတ်နေရာများတွင် စိန်တလုံးသရက်ပင် ၃၅၀ နှင့် ဝါပင် ၁၀၀ တို့ကို စိုက်ပျိုးခဲ့ကြကြောင်းသိရပြီး အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းသာ၊ သိန်းမြင့်ကျော်