“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်စားပြု​​ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ​ပေးအပ်

ဟိုပန်       မေ ၃၀         

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်စားပြုဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက အောင်မြင်စွာယှဉ်ပြိုင်နိုင်ရေး အတွက် လမ်းညွှန်အမှာစကားပြောကြားပြီး  တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုယ်စားပြုယှဉ်ပြိုင်ကစားမည့် အမျိုးသားဘောလုံးပြိုင်ပွဲ အသင်းအား အောင်နိုင်ရေးအလံ  ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုးက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ကစားမည့် အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံး အသင်းအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းကိုပေးအပ်ရာ ဘောလုံးအသင်း နည်းပြနှင့် အသင်းခေါင်းဆောင်တို့က လက်ခံခဲ့ကြောင်း သိရသည်။

ဇင်ဇင် (ခရိုင်ပြန်/ဆက်)