မိတ္ထီလာ မေ ၃၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံခန့်ခွဲမှု (အရာထမ်းလောင်း)သင်တန်းအမှတ်စဉ်(၈/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစအချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်မည့် သင်တန်းသားသင်တန်းသူများအားလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်ခြောက်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(ပြန်/ဆက်)