ကျိန္တလီ မေ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အမှတ်(၃) ရပ်ကွက်အတွင်း သွားရောက်ကာ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိန္တလီမြို့ ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၃)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ နေအိမ်များသို့ သွားရောက်ကာ ဘုရားပန်းအိုးများကို ဖုံး၊ သွန် ၊ လဲ၊ စစ်ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောရေတွင်း၊ ရေကန်၊ တိုင်ကီ၊ စဉ့်အိုးများထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးခတ်ပေးခြင်းများ ပြုလုပ်ပေးပြီး သွေလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)