ချောင်းဆုံ မေ ၃၀
၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ရန်ပုံငွေထောက်ပံ့ခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင်ကျင်းပသည်။
အဆိုပါဖြစ်ပွားမှုကြောင့် ရန်ပုံငွေထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်း နေအိမ်ပြိုကျပျက်စီးသွားသည့် နေအိမ်(၁၁)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
မြို့နယ်အတွင်း နေအိမ်ပြိုကျပျက်စီးသွားသည် နေအိမ်(၁၁)လုံးအတွက် ငွေကျပ် (၂၂၀၀၀၀) ကျပ်အားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးသွားသည့် နေအိမ်(၆၆)လုံးအတွက် ငွေကျပ် (၃၃)သိန်းအားလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းပျက်စီးမှုအတွက် ငွေကျပ်(၂)သိန်းနှင့် ဆန်ရိက္ခာထောက်ပံ့ခြင်းကို လူဦးရေ (၃၄၈)ဦးအတွက် ငွေကျပ် (၇၃၀၈၀၀)ကျပ် စုစုပေါင်း (၆၄၃၀၈၀၀)ကျပ်ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)