လယ်ဝေး မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေး ငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရန်အတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်း မာရေးဆိုင်ရာကိစ္စရပ်များအား အထူးသတိပြုဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ် ပညာရေးမှူး ဦးအောင်လွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားမိဘများအနေဖြင့် မိမိတို့ကလေးငယ်များ ပညာသင်ယူခွင့် နောက်မကျစေရန် ဆရာဆရာများနှင့်ကျောင်း သားမိဘများပူးပေါင်း၍ ကျောင်းအပ်နှံဖို့ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောင်းများ စတင်ဖွင့်လှစ်သည့်အခါ ကျောင်းတွင်းသန့်ရှင်းရေးများ စနစ်တကျဆောင်ရွက်ရန်၊ စာသင်ခန်းများ စနစ်တကျခွဲဝေနိုင်မှုနှင့် (၅)နှစ်မှ(၁၂)အထိ ကျောင်းသားကျောင်းသူလေးများ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဗလာစာ အုပ်များနှင့် ပုံနှိပ်စာအုပ်များကို တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းများအလိုက် ထောက်ပံ့ပေးအပ်သည်။ ကျောင်းအပ်နှံရေးကာလကို မေ (၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ(၂)ရက်နေ့တွင် ကျောင်းများစတင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)