ကျိုင်းတုံမြို့၌ ငွေကျပ် သိန်း ၃၄၅ သိန်း တန်းဖိုးရှိ အများပြည်သူစားသုံးရန်မသင့်သော စားသောက်ကုန်များ ဖျက်ဆီး

ကျိုင်းတုံ မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အများပြည်သူများ ဘေးအန္တရာယ်ဖြစ်စေပြီး စားသုံးရန်မသင့် ဖမ်းဆီးရမိသည့် စား သောက်ကုန်များနှင့်တင်သွင်းရန် တားမြစ်ထားသောဘီယာများ ဖျက်ဆီးဆောင်ရွက်ခြင်းကို မေ ၃၀ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာန၊  ရုံးဝင်းအတွင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။

ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တို့မှ ဖမ်းဆီးရမိသည့်တ ရုတ်နိုင်ငံထုတ် အများပြည်သူစားသုံးရန်မသင့်သော ဘိန်းဥချောင်း၊ ဂျယ်လီချိုချဉ်မုန့်များနှင့် တရုတ်နိုင်ငံထုတ် တင်သွင်းရန်တားမြစ်ထားသော Justus ဘီယာ၊ SHARK ဘီယာများ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၄၅၀၀,၀၀၀ ရှိပစ္စည်းများအား မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခွန်စီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဖျက် ဆီးမှုကြီးကြပ်ရေးအဖွဲ့မှ လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)