ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ကျောင်းအပ်နှံရေးနေ့ အထိမ်း အမှတ်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမင်းဦးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့်မြို့နယ်အတွင်း ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်း သုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများကို ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့်တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအတွက် မြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံပေးအပ်ခဲ့ပြီး အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရန်အောင်မြင်မှ ကျောင်းသား၊ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)