မိုင်းရယ် မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် အမှတ်(၃၅၀) အမြောက်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်းနှင့် မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်တို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်းနှင့် ဗိုလ်မှူးမျိုးကျော်တို့က ကျောင်းသား/သူများအတွက် ကျောင်းသုံး စာအုပ်များကိုပေးအပ်ရာ မြို့နယ်ဒုတိယပညာရေးမှူး ဦးမျိုးဇော်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်တို့က လက်ခံရယူသည်။
မိုင်းရယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၁) ကျောင်းရှိရာမှ (၉၈)ကျောင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မေ ၂၈ ရက်အထိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၂၀၁၀)ဦး ကျောင်းအပ်နှံပြီးစီးခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်