မိုင်းခတ်၌​ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနားကျင်းပ

မိုင်းခတ် မေ ၃၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနားကို ယ​နေ့နံနက်၉နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ​ ကျောင်းသား/သူများက မြန်မာ့​ကျောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်​ပေးခဲ့ပြီး စစ်ဗျူဟာ(အ​ခြေချ)မိုင်းခတ်စစ်ဗျူ ဟာမှူးဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုးတို့မှ​ အဖွင့်အမှာစကား​ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေး​နေ့အခမ်းအနား  ကျင်း ပပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်မှာ ၂၀၂၂ခုနှစ် မေလ ၂၆ရက်နေ့မှ ဇွန်လ၁ရက်နေ့ထိ ဖြစ်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်အားလုံးကို ကျောင်းသို့အရောက်ပို့ဆောင်နိုင်ရေးအတွက် မိဘများအနေဖြင့် အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း ထည့်သွင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံ​တော်မှ​အခမဲ့ထောက်ပံ့​ပေးအပ်သည့်​ ကျောင်းဝတ်စုံများ၊ သင်​ထောက်ကူပစ္စည်းများ၊ ဗလာစာအုပ်များ၊​ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် အလှူရှင်များ​ပေးအပ်လှူဒါန်းမှုများကို တာဝန်ရှိသူများက​ပေးအပ်ရာ မြို့နယ်ပညာ​ရေးမှူး၊​ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများက လက်ခံရယူခဲ့သည်။

ထို့​နောက် စစ်ဗျူဟာမှူးနှင့်တာဝန်ရှိသူများက​ဆရာ/မများ​မှ​ ကျောင်းသား/သူများ​၊​ကျောင်းသားမိဘများအား ကျောင်းအပ်လက်ခံ​ဆောင်ရွက်​ပေး​နေမှုများကို လှည့်လည်ကြည့်ရှု​အား​ပေးခဲ့ပြီး လိုအပ်သည်များကို​ ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)