ကွမ်းခြံကုန်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုပွဲတော်ကျင်းပ

ကွမ်းခြံကုန်း မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှုနေမှုအား ကာကွယ်ထိန်းသိမ်းနိုင်စေရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ မြို့လမ်းဘေးဝဲ၊ယာမြေကွက်များတွင် စုပေါင်းစိုက်ပျိုးကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းဝင်းစိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်းထွန်းနှင့် သစ်တောဦးစီးဌာနမှဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုစုပေါင်းအင်အား(၃၀၀)တို့က ကျွန်း(၅၀)ပင်၊ မန်ဂျန်ရှား (၆၀၀)ပင်၊ မဟော်ဂနီ(၁၅၀)၊ စိန်ပန်း(၂၀၀)ပင်၊ စုစုပေါင်းအပင် (၁၀၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (IPRD)