မိုင်းကိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် မေ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင်  မိုးဦးကာလ ကျောင်းဖွင့်ရာသီ၌   ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့မနက်ပိုင်းက   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့တို့က မြို့ပေါ်ရပ် ကွက်များရှိ  အခြေခံပညာကျောင်းပေါင်း ၁၀ ကျောင်းသို့ ကွင်းဆင်း၍   သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါကွင်းဆင်းမှုတွင်   အခြေခံပညာကျောင်းများရှိ  အုတ်ရေကန်များ ၊ရေအိုးများ၊ ပန်းအိုးများ၊ တာယာဟောင်းများတွင်  ပိုးလောက်လန်းများ ကိန်းအောင်းမှုမရှိစေရေး  အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်း နိုင်သောနေရာများတွင်  မိုးရေနှင့်ရေဆိုးရေညစ်များ မရှိစေရေး  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အုတ်ရေကန်များတွင်  တစ်ပတ်တစ်ကြိမ် ရေပုံမှန်လဲလှယ်ပေးရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး အမြဲဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်