ကွမ်းခြံကုန်းမြို့နယ် ပန်းခင်းစီမံချက်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ကွမ်းခြံကုန်း    မေ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က တောင်ကုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိရာ အသက်၁၈နှစ်အောက် ကျား()ဦး၊ မ ()ဦး၊ အသက် ၁၈နှစ်အထက် ကျား()ဦး၊ မ()ဦး၊ လဲလှယ် ကျား(()၊ မိတ္တူကျား (၂၄ )၊ မ(၂၇) စုစုပေါင်း(၇၄)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်ရပ်ကွက်ကျေးရွာများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်မြို့နယ် ဦးစီးမှူးရုံး ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။

ဆွေနွယ်(ပြန်/ဆက်)