စမ်းချောင်း မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး၊ ရေတွင်း၊ ရေကန်များတွင် ပိုးလောက်လန်းများ ကိန်းအောင်းမှုမရှိရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် စာသင်ကျောင်းများရှိ ခြင်ကျား လောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး) ခပ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများတွင် မိုးရေနှင့် ရေဆိုးရေညစ်များ မရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြင်ကျားလောက်လန်းကြောင့် ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း