ညောင်ဦး မေ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ခရိုင်အဆင့်ကျောင်းအပ် နှံနိုင်ရေးအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန် က ညောင်ဦး (အခြေခံပညာအထက်တန်းကျောင်း)ရှိ ပန်းမျိုးတစ်ရာခန်းမတွင် ပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး အခမ်းအနားတွင် ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့် အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာန၊ ဦးအောင်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး) က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းများဖွင့်လှစ်သွား မည့် အခြေအနေနှင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား/သူများအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးတို့ကို ပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် တာဝန်ရှိသူများမှ အခမဲ့ထောက်ပံ့မည့် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာအုပ်/စာရေးကိရိယာများကို ပေးအပ်ကြရာ ညောင်ဦးခရိုင်ရှိ ကျောင်းသား/သူများကိုယ်စား ညောင်ဦးအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများမှ လက်ခံရယူသည်။ အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်၊ ညောင်ဦးမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး၊ ညောင်ဦး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အထက၊ အလက၊ အမက၊ ကျောင်းဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး ဇာတိမာန်သီချင်းဖြင့် ခရိုင်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)