ချမ်းမြသာစည်မြို့နယ်၌ (၂/၂၀၂၂) အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချမ်းမြသာစည်   မေ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သည့် (/၂၀၂၂) ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉နာရီအချိန် က  မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး   မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးမြင့်သိန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဓိကရည်ရွယ်ချက်မှာ ဆင်းရဲ ဒုက္ခနည်းပါး သက်သာစေရန်၊  ကျန်းမာရေးကဏ္ဍ မြှင့်တင်ရန်၊ ရောဂါဘေးကာကွယ်တာဆီးရေး၊ ဘေးဒုက္ခကျရောက်သောသူများ ကူညီဆောင်ရွက်ပေးရန်၊  မြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများ၏ စိတ်တွင်လူသားချင်းစာနာထောက်ထားသည့်စိတ်ဓာတ် များဖြစ်ပေါ်စေရန်၊ စေတနာ့ဝန်ထမ်းစိတ်ဓာတ်များ ကိန်းအောင်လာစေရေးနှင့် လူမှုဂရုဏာလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လာနိုင်ရေး၊ One Home, on first Aider ဆိုသည့်အတိုင်း အိမ်တစ်အိမ်တွင် ရှေးဦးပြုစုခြင်းတတ်မြောက်ထားခြင်းသည် မိမိတစ်ဦးတစ်ယောက်ထဲအတွက်မဟုတ်ဘဲ မိသားစုအသိုက်အဝန်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများအား ရောဂါဘေးအန္တရာယ် ကျရောက်လာပါက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း စသည့်အချက်များအား ရှင်းလင်းပြော ကြားခဲ့သည်။

အဆိုပါ (/၂၀၂၂)ရှေးဦးပြုစုခြင်းသင်တန်းကို သင်တန်းနည်းပြအဖြစ်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးမြင့်သိန်းနှင့်အတူ နည်းပြများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အထောက်အကူပြု ဆရာ/ဆရာမများ၊ စုစုပေါင်း နည်းပြ(၁၀)ဦးမှ ဖွင့်လှစ်ပို့ချကာ သင်တန်းကာလမှာ မေ ၂၉ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း(ပြန်/ဆက်)