ချမ်းမြသာစည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ချမ်းမြသာစည်   မေ  ၂၉

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိရာ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါက်တာ သက်လှစုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင် တို့က အသီးသီးအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနု က ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် နိုင်ငံတော်မှအခမဲ့ ထောက်ပံ့သည့်ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်နှင့် ၀တ်စုံများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်နေ့မှ ဇွန် ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန်လ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်အတွင်း၌ အခြေခံပညာကျောင်း စုစုပေါင်း(၃၄)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)