မြောက်ဦး မေ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ)လ (၁) ကျောင်း၌ နေ့လယ်၁၂ နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူ/ကျောင်းသားများက " မြန်မာ့ကျောင်း" သီချင်းဖြင့်အခမ်းအနားကိုဖွင့်လှစ်ဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမောင်တင်မြင့်မှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍လည်းကောင်း မြို့နယ်ပညာရေးမှူး ဒေါ်အုန်းရွှေမှ ကျောင်းအပ်နှံရေးအခမ်းအနားနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်များမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ကျောင်းသူများတို့ တက်ရောက်ကြပြီး အခြေခံပညာကျောင်းပေါင်း (၂၄၅) ကျောင်းမှ ကျောင်းသား /ကျောင်းသူများကို ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)