ဒေါ့ဖုန်းယန်မြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းကျင်းပ

ဒေါ့ဖုန်းယန်  မေ ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ တောင်သူများအား လယ်ယာမြေစိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်လာစေရန်၊ ဓာတ်မြေသြဇာသုံးစွဲခြင်းကိုလျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချစေရန် သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းကို တောင်သူများလေ့လာသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမိုးတင်နှင့်ဝန်ထမ်းများသည် ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာ၊ ကွင်းအမှတ်(၁၇၉)၊ ဦးပိုင်အမှတ်(၄၃)၊ (၅)ဧက၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်မှုကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးရုံးမှ သိရှိရသည်။

သန်းနိုင်စိုး(ပြန်/ဆက်)