အသက်၅နှစ်မှအသက် ၁၂နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား ပြည်နယ်၀န်ကြီးချုပ်တက်ရောက်

မော်လမြိုင် မေ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အသက်၅ နှစ်မှ အသက်၁၂နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် လှုံ့ဆော်ရေးဆိုင်းဘုတ်ကို မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င် လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုး၀င်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ၀င်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာ ဒေါ်ချိုချို မြတ်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်း(ခရိုင်ပြန်/ဆက်)