ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်

ကျောက်ဆည်  မေ ၂၈

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင် တန်းတွင် သင်ကြားပေးမည် သတင်းဗွီဒီယိုတည်းဖြတ်နည်းပညာရပ်များသည် လက်တွေ့ဘဝတွင် အရေးပါသည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြများဖြစ်သည့်  Computre Service Training ပညာရှင်ဦးစိုးကို၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင် (၂) ဦးသက်မောင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌနမှ ဓာတ်ပုံကျွမ်းကျင်(၂)ဦးရဲတင့်တို့က သတင်းဗွီဒီယိုရိုက်ကူနည်း၊ အသံကူးပြောင်းနည်း၊ တည်းဖြတ်နည်းများကို လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိစဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ ဝန်ထမ်းစုစုပေါင်း (၁၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မေ(၂၈)ရက်မှမေ(၃၀)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)