လွိုင်လင် မေ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့အတွင်းရှိ မိဘပြည်သူများသွေးလွန်တုပ်ကွေးရောဂါကင်းဝေးရေး၊ ကျန်းမာရေးနှင့်ညီ ညွတ်သည့် ပတ်ဝန်းကျင်အတွင်းနေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများကိန်းအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာကျောင်းများ၊ရပ်ကွက်အတွင်းရှိ စျေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များ၊ စျေးဆိုင်များ၊ စာသင်ကျောင်းများတွင် ခြင်ကျားလောက်လန်းများ ခို အောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခပ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများတွင် မိုးရေနှင့်ရေဆိုးရေညစ်များမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ကျားလောက်လန်းကြောင့် ဖြစ်ပေါ်တတ်သောသွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့်ဂျပန်ဦးနှောက်ရောင်ရောဂါများအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)