ကျိုက်ထို မေ ၂၈
ကျိုက်ထိုမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှဦးစီး၍ မေ၂၈ ရက်နံနက်၈ နာရီတွင် ကျိုက်ထိုမြို့ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ် တော၌ စိုက်ပျိုးပွဲအား ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ကျိုက်ထိုမြို့ နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးစိုးဝင်းက စိုက်ပျိုးမည့်သစ်ပင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ကျေးရွာသားများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအဖွဲ့အစည်းများ ကျေးရွာနေပြည်သူများက (မာလာလူးကား)အမျိုးအစားဒီရေတော သစ်ပင်စုစုပေါင်း(၄၈၄၀)ပင်အား တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)