မော်လမြိုင်ခရိုင်၌ သစ်သီးယိုမျိုးစုံနှင့် မုန့်လုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင် မေ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သစ်သီးယိုစုံနှင့် မုန့်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာနှင့် ပြည်နယ်အသေးစားစက်မှုလက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်တို့က ယခုလိုသင်တန်းကို စိတ်ပါ၀င်စားစွာ ပြီးဆုံးသည်အထိ တက်ရောက်ပေးကြလို့ ကျေးဇူးတင်ရှိပါကြောင်း အများပြည်သူများစွာ အတွက် အကျိုးရှိကြောင်း၊  အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော်လည်း မိမိတို့၏ ဘဝ အတွက် ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းအချိန် ကာလမှာတို တောင်းသော်လည်း ပို့ချသည့် နည်းပညာ ရပ်များသည်အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် သင်တန်းဖြစ်သောကြောင့် သင်တန်းသား/သူများအနေဖြင့် ကြိုးစားသင်ယူပြီး မိသားစု စား၀တ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေရရှိနိုင်သောကြောင့် များစွာ အကျိုးရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား မိမိကိုယ်တိုင် လက်တွေ့သက်ယူ၍ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် သစ်သီးယိုမျိုးစုံများ၊ ဂျယ်လီမုန့်များ၊ သစ်သီးဖျော်ရည် များအား ပြန်လည်ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

ခင်စန်းမြင့်