ရန်ကင်းကင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကင်း မေ ၂၈

ရန်ကင်းမြို့နယ်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ရည်ရွယ်၍ ရန်ကင်းမြို့နယ် အမှတ်(၅) ရပ်ကွက် မြို့မစျေးအတွင်းတွင် Mask များကို ဝေပေးခဲ့ကြောင်း သိရသည်။

လူစည်ကားရာစျေးကြီးများတွင် စျေးရောင်းသူများနှင့် စျေးဝယ်လာသူများအား နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခဲ့ပြီး၊ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပြသပေးပြီး၊Mask တပ်ဆင်မှုနည်းပါးလာခြင်းကို ရည်ရွယ်၍ Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ Maskများကို ပေးဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မီးသတ်ဦးစီးဌာနမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုစုပေါင်းအင်အား ၃၆ ဦးဖြင့် Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ရေကန်များအား အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် mask campaign ပြုလုပ်ရာတွင် Mask ()ထောင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက် )