မိုင်းရယ်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းရယ်  မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မိုင်းရယ်-ကျေးသီးလမ်း၊ အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းနေရာ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးရေးပွဲတော်၌ အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအေးမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများထံ ပျိုးပင်များပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသူများက မယ်ဇလီ ၁၅၀၊  ခါတော်မီ ၁၅၀၊ ရေသင်းဝင် ၁၅၀၊ ယမနေ ၁၅၀နှင့် ကျွန်း၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်၊ ချယ်ရီ ၁၀၀၊ စုစုပေါင်း သစ်ပင် ၆၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)