တန့်ယန်းမြို့နယ်တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တန့်ယန်း မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်နယ်မြေ ရန်အောင်မြင်စေတီကုန်းအနီး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ အဖွဲ့ဝင် ဦးစိုင်းခမ်းမန်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကောင်းမြတ်စိုးတို့က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များအား စိုက်ပျိုးမည့်သစ်ပင်များကို ဖြန့်ဝေပေးအပ်ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်ရင်းသားပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ခန့်က ထင်းရှူး (၁၀၀)ပင်၊ ယူကလစ် (၁၀၀)ပင်၊ ကျွန်း (၅၀)ပင်၊ ရေသင်းဝင် (၅၀)ပင်၊ ယမနေ (၅၀)ပင်၊ မယ်ဇလီ (၅၀)ပင်၊ ပန်းဝါ (၅၀)ပင်၊ ချယ်ရီ (၅၀)ပင် စုစုပေါင်း (၅၀၀)ပင်တို့အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)