သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက်ထိုးနှံ

သာကေတ မေ ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉‌‌ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (Omicron) ကူးစက်မှုလျော့နည်းစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ ၂/တောင် ရပ်ကွက်၊ ရန်အောင်မြေ ဓမ္မာရုံ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ Phase-10 (Astra Zanneca) Phase-10(Sinovac) Phase-10(Covaxin) ထိုးနှံခြင်း၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် (Covaxin) ထိုးနှံခြင်း၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်ကြားရှိ ပြည်သူများအား Phase-11 ပထမအကြိမ် (Covaxin)ထိုးနှံခြင်း၊ ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံခြင်းများကို ၃/ရန်ပြေရပ်ကွက်၊ ၃/မာန်ပြေရပ်ကွက်၊ ရှုခင်းသာ ရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊ ၄/ မြောက်ရပ်ကွက်ရှိ ပြည်သူ(၇၇၃)ဦးအား ဦးတည်အုပ်စုအလိုက် ထိုးနှံ ဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ရာနှုန်းပြည့်လွှမ်းခြုံမှု ရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင် စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)