ကျိုင်းတုံ မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့- လွိုင်မွေ သွားလမ်းအနီး၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအိုက်စင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်နှင့် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနော်ဆာဝူး တို့က ပျိုးပင်များကို ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ ပေးအပ်သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ထင်းရှူး ၅၀၀ ပင်၊ ချယ်ရီ ၅၀၀ ပင်၊ စွယ်တော် ၈၀ ပင်၊ စုစုပေါင်း ပျိုးပင် ၁၀၈၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)