ကွမ်းလုံ မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ကွမ်းလုံမြို့ အခြေခံပညာ အလယ်တန်းကျောင်း (တပ်တွင်း)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့်ပျိုးပင်များအား ကွမ်းလုံအခြေချ စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဗိုလ်ကြီးမြင့်ဇော်မှ ကွမ်းလုံမြို့နယ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းထံသို့လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက အခြေခံပညာအလယ်တန်း (တပ်တွင်း) ကျောင်းအုပ်ဆရာကြီး ဦးညီညီမောင်ထံသို့ လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။
ထို့နောက် ကွမ်းလုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ကျောင်းသူများက ရတနာတန်းဝင်ကျွန်း ပင်(၁၀၀)၊ မန်ဇလီပင်(၁၀၀) စုစုပေါင်း ပျိုးပင်(၂၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသန့်ရှင်းသာယာလှပရေး၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင် ကြားနိုင်ရန်အတွက် ကျောင်းဝန်းအတွင်း ပေါင်းပင်များနှင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)