ဗန်းမော် မေ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့သည် ယနေ့ နံနက် ၉ နာရီက ပေါက်ကုန်းရပ်ကွက်ရှိ နေအိမ်များသို့ ကွင်းဆင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးထည့်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပြည်သူများအားတွေ့ဆုံ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပြည်သူအားလုံးပါဝင် ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပညာပေးဆောင်ရွက်ခြင်း၊ ရေလှောင်ကန်များ၌ အဘိတ် (Abate) ဆေးထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)