ဆိပ်ကြီးခနောင်တို မေ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာလာရောက်ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်ကြမ်း ၅ ပြည်အိတ် ၁၅ အိတ်၊ဆန်ချော ၅ ပြည်အိတ် ၁၀ အိတ်နှင့် ဆီ ၅၀ ကျပ်သားဘူး ၂၀၀နှင့် ကြက်ဥ ၁၀လုံး ပါကတ် ၂၀တို့ကို မြို့နယ်အတွင်း ဆိပ်ကြီးအရှေ့ရပ်ကွက်၊ မြို့ဦးကျောင်းတိုက်ရှေ့လူစည်ကားရာနေရာတွင် ပြည်သူများအား ရောင်း ချပေးခဲ့ရာ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)