လှည်းကူး မေ ၂၈
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအဝှမ်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန် ၂ ရက်နေ့ အထိကျောင်းအပ်နှံရေး သတင်းပတ်အဖြစ်သတ်မှတ်ခဲ့ရာ လှည်းကူးမြို့နယ်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း များကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)၊အသက် ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံနိုင်ပြီး မူလတန်း၊ အထက်တန်း၊ အလယ်တန်းများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြ ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများအား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင်အခြေခံပညာ အထက်တန်းကျောင်း (၁၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း (၈) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(၁၂)ကျောင်း၊ အခြေခံပညာမူလတန်း လွန်ကျောင်း (၃၀) ကျောင်း၊ အခြေခံပညာမူလ တန်းကျောင်း (၁၁၀) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၂၀) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်း စုစုပေါင်း (၂၀၇) ကျောင်းတို့၌ မေ ၂၇ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၂၈၂၉၅) ဦး ထိလာရောက်အပ်နှံခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)