ရန်ကုန် မေ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု (၂/၂၀၂၂) ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်၊ ရေလုပ်သားများနှင့် ပတ်သက်သည့် ဥပဒေ၊ ကျန်းမာရေးနှင့် ပတ်သက်သည့်အသိပညာ၊ ပင်လယ်ပြင်၌ တွေ့ကြုံရမည့်နည်းလမ်းများနှင့် လုပ်ငန်းခွင်အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်သင်တန်းဆရာများက ရေလုပ်သားသင်တန်းသား (၃၀) ဦးကို နံနက် (၈) နာရီအချိန်မှ ညနေ (၄) နာရီခွဲအချိန်အထိ ဆိပ်ကမ်းအကြောင်း၊ မီးဘေးကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ ငါး၊ ပုစွန်များ ကိုင်တွယ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် ရေကြောင်းပညာပေးစသည့် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို တစ်ရက်တာသင်တန်အဖြစ် သင်ကြားဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)