ဒလမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နိုင်ရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

ဒလ မေ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ကျောင်းအပ်နိုင်ရေး ရက်သတ္တပတ်အခမ်း အနားကို နံနက်  နာရီအချိန်တွင်ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ () ဦးရွှေလှိုင်က ကျောင်းနေအရွယ်သားသမီးများ ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။  မြို့နယ် ပညာရေးမှူးဒေါ်မြင့်မြင့်အေးက ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ကျောင်း ဆရာ၊ ဆရာများအနေဖြင့်  ကြိုတင်ပြင်ဆင်ထားသည့် အစီအမံများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံ့သောပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံစသည်တို့ကိုဒလမြို့နယ်ရှိ အထက်တန်းကျောင်()ကျောင်း၊ အထက်တန်းကျောင်းခွဲ()ကျောင်း၊ အလယ်တန်းကျောင်း()ကျောင်း၊ အလယ်တန်းခွဲ()​ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၂)ကျောင်း၊ မူလတန်း ကျောင်း(၄၇)ကျောင်း စုစုပေါင်း(၇၆)ကျောင်းကို  ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ  သိရသည်။

သီတာဝင်း