တောင်ကြီး မေ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase-9 (ပထမအကြိမ်)ထိုးနှံထားသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ၁၅နှစ်နှင့် ၁၈နှစ်ကြား ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအားကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဒုတိယ အကြိမ်ထိုးနှံမှုကို တောင်ကြီးမြို့တွင် ရတနာသီရိရပ်ကွက်၊ နန်းဟူးအုပ်စု၊ တောင်ကျောင်းကြီး၊ မင်္ဂလာအောင်မြေ၊ အေးသာယာမြို့တွင် မြို့လယ်ဓမ္မာရုံနှင့် ကျောက်တလုံးမြို့တွင် ကျောက်တလုံးဆေးရုံ စသည့်ဆေးထိုးစုရပ်နေရာများတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆေးထိုးစုရပ် အလိုက်တာဝန်ကျ ဌာနဆိုင်ရာများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကာကွယ်ဆေးလာရောက်ထိုးနှံ သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် မေလ ၂၇ ရက်နေ့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ၁၅နှစ်နှင့် ၁၈ နှစ်ကြား ပြည်သူများ၊ ကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်) (၈၆၁)ဦး ထိုးနှံပေးခဲ့ကြောင်းသိရပြီးကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ဆေးထိုး စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)