ရွှေပြည်သာ မေ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး ( Mask Camapaign) ကို ယနေ့ နံနက် (၈) နာရီအချိန်တွင် လူစည်ကားရာနေရာများနှင့် ဝါးတရာကားလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအပြင်သွားလာ တိုင်းမဖြစ် (Mask) တပ်ဆင်ပြီးမှ သာသွားလာရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး (Mask) မပါရှိသူများအား (Mask) အခုရေ(၂၀၀၀)အားပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။ (Mask Canpaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း ( ရွှေပြည်သာ)