ကျောက်မဲ မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေ ၂၈ ရက်နေ့၊ နံနက် ၈ နာရီက ကျောက်မဲမြို့ ၊ အမှတ် ၁ ရပ်ကွက်၊ ပင်လုံလမ်း၊ ခရိုင်ဘောလုံးကွင်းရှေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးအောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိ ယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကြသည်။
ယင်းနောက်သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်း/ပလောင် စာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များနှင့် တပ်မတော်သားများ စုစုပေါင်းအင်အား ၁၆၀ဦးခန့်ကသတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကိုစိုက်ပျိုးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါမိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်တွင် မဟော်ဂနီ ၄၀၀ ပင်၊ ချယ်ရီ ၅၀ ပင်၊ ချယ်ရီ ၅၀ ပင် စုစုပေါင်း အပင် ၅၀၀ တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)