ဆဒုံး မေ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ဒုတိယနေ့ ကျောင်းအပ်နှံခြင်းလုပ်ငန်းကို လက်ခံဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း မူလတန်း(လွန်)နှင့် မူလတန်းကျောင်းများ၌ မေ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ကျောင်းများစတင်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများက မိမိတာဝန်ကျရာကျောင်း၌ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းစတင်အပ်နှံသည့်နေ့တွင် ကျောင်းသား/ သူတစ်ဦးလျှင် နိုင်ငံတော်မှ ပံ့ပိုးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များ အခမဲ့ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဆဒုံးမြို့တွင် အခြေခံပညာ အထက်တန်းကျောင်း(ဆဒုံး)၊ အခြေခံပညာမူလတန်း (လွန်) ဆဒုံးပါနှင့် အခြေခံ ပညာမူလတန်းကျောင်း(လဂျောင်)တို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆဒုံး(ပြန်/ဆက်)