ကျောက်တံတားမြို့နယ်တွင် ရေစီးရေလာကောင်း မွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ပေးလျက်ရှိ

ကျောက်တံတား စက်တင်ဘာ ၄

ကျောက်တံတား မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေစီးရေလာ ကောင်းမွန်စေရန် အတွက် ၃၇လမ်း (ကမ်းနားလမ်းနှင့်ကုန်သည်လမ်း)ရှိ ရေမြောင်းများ တူးဖော်ခြင်း၊ ရေမြောင်း ဘောင်များပြုပြင် ခြင်းနှင့် ရေမြောင်းဖုံးများအသစ်လဲလှယ်ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ရေမြောင်းများ တူးဖော်ခြင်း၊ ရေမြောင်းဘောင်များပြုပြင် ခြင်းနှင့် ရေမြောင်းဖုံးများအသစ်လဲလှယ်ခြင်း တို့ကို သြဂုတ်လမှစတင် ဆောင်ရွက် ပေးလျက်ရှိပြီး စက်တင်ဘာလဆန်းတွင်အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေနန်းမေ