ဗန်းမော်ခရိုင်အတွင်း၌ တောင်သူများအား မိုးရာသီစပါးစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေး

ဗန်းမော် မေ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ တောင်သူများအား မိုးရာသီစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ် အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗန်းမော်ခရိုင် ဘဏ်ခွဲရုံး၌ မံစီမြို့နယ်မှ ဒေသခံတောင်သူ (၂၅)ဦးအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗန်းမော်ခရိုင်ဘဏ်ခွဲရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဖြင့် မိုးစပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် မေလ ၁၆ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ဗန်းမော် မြို့နယ်တွင် ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ(၁၃၉)ဦး၊ စိုက်ပျိုးဧက ၄၉၀ ဧကအတွက် စုစုပေါင်းငွေကျပ် ၇၃၅၀၀၀၀၀ ကို လည်းကောင်း၊ မံစီမြို့နယ် မောရဝတီအုပ်စုမှ တောင်သူ(၂၅)ဦး၊ စိုက်ပျိုးဧက ၉၉ ဧကအတွက် ချေးငွေကျပ် ၁၄၈၅၀၀၀၀ တို့ကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ထုတ်ချေးရန် ကျန်ရှိသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗန်းမော်ခရိုင် ဘဏ်ခွဲရုံးအနေဖြင့် ဗန်းမော်၊ မံစီနှင့် မိုးမောက် မြို့နယ်တို့အတွက် နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါးစိုက်ပျိုးစရိတ် ချေးငွေ များကို ဗန်းမော်မြို့နယ်မှ တောင်သူ(၂၁၉ဝ)ဦး၊ စိုက်ပျိုးဧက ၉၆၀၈ ဧကအတွက် ချေးငွေ (၁၄၄၁၂) သိန်း၊ မံစီမြို့နယ်မှ တောင်သူ(၇၅)ဦး၊ စိုက်ပျိုးဧက ၂၇၄ ဧကအတွက် ချေး‌ငွေ(၄၁၁)သိန်း၊ မိုးမောက်မြို့နယ်မှ တောင်သူ(၇၁၀)ဦး၊ စိုက်ပျိုးဧက ၃၂၀၁ ဧကအတွက် (၄၈၀၁ ဒသမ ၅၀)သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း ဗန်းမော်ခရိုင်ဘဏ်ခွဲရုံးမှ သိရသည်။   

ကိန်းဖြူ(ပြန်/ဆက်)