နေပြည်တော် မေ ၂၇
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် နဝမနေဝန်း စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးရန်နိုင် (ခိုင်မင်း-နေပြည်တော်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို- ပျဉ်းမနား)၊ ဦးကျော်လွင်(မှော်ဝန်သား)၊ ဦးကျော်ဇော် (ရှင်မတောင်သာ မြေ)၊ ဦးလင်းထွဋ်(ကိုလင်း အညာမြေ)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)တို့က မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် နဝမနေဝန်း စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)