တန့်ယန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများစတင်ဆောင်ရွက်

တန့်ယန်း  မေ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းသားကျောင်းသူများအား အပ်နှံလက်ခံဆောင်ရွက်နေကြပြီဖြစ်သည်။

အဆိုပါ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ လှည့်လည်ကြည့်ရှုကာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံနေကြသော ကျောင်းသား/ကျောင်းသူများအား စနစ်တကျစာရင်းရေးသွင်းခြင်း၊ အတန်းလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများကို အခမဲ့ပေးဆောင်လျှက်ရှိပြီး မည်သည့်အခကြေးငွေမှ ကောက်ခံရယူခြင်းမရှိကြောင်းနှင့် မြို့နယ်တွင်အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၁၈၄)ကျောင်းရှိကြောင်းမြို့နယ်ပညာရေးဌာနမှသိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)