ကော့မှူး မေ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်က ကျောင်းလာအပ်သော ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူများဖြင့် စည်းကားနေကြောင်း တွေ့ရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံကျောင်းများတွင် ကျောင်းနှံကြသော ကျောင်းသား၊ ကျောင်းသူများအား သူငယ်တန်း(KG)သင်ရိုးသစ်မှ ပဉ္စမတန်း(Gread-5) သင်ရိုးသစ်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘော့ပင်၊ ခဲတံများ၊ ကျောင်းဝတ်စုံ(၁)စုံတို့ကို ပညာသင်နှစ်အတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆဋ္ဌမတန်း(Gread-6)သင်ရိုးသစ်မှ ဧကာဒသမတန်း (Gread-11) သင်ရိုးသစ်ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘော့ပင်၊ ခဲတံများကို အခမဲ့ဝေပေးနေကြောင်း အ.ထ.က(ကော့မှူး)မှ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ထို့နောက် ကျောင်းလာအပ်သော ကျောင်းသူမောင်မောင်ကျော်က ကျောင်းတွေတက်ရတော့မည်ဆို၍ပျော်ကြောင်း၊ ကျောင်းဖွင့်လျှင်သူငယ်ချင်းများနှင့် ပြန်တွေ့ရမည်၊ သူငယ်ချင်းများကလည်း ယခုနှစ်တွင် ကျောင်းလာရောက်အပ်နှံသည့်အတွက် အရမ်းပျော်တယ်ဟုပြောကြားခဲ့သည်။
ကျော်သူရ (ကော့မှူး)