ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက်ကျောင်းအပ်နှံခြင်း စတင် လက်ခံဆောင်ရွက်ပေး

ဘီးလင်း မေ ၂၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ​ခြင်းကို ယနေ့ မေလ၂၆ ရက် နံနက်ပိုင်းမှ စတင်ကာ  ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဘီးလင်းမြို့နယ်၌  ယခုနှစ် ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့်  အ​ခြေခံပညာကျောင်းပေါင်း ( ၁၆၃ ) ကျောင်းရှိပြီး အဆိုပါ ကျောင်းများသို့ လာရောက်အပ်နှံကြသည့်ကျောင်းသား ၊ကျောင်းသူများကို အခမဲ့ ကျောင်း​အပ်လက်ခံ ဆောင်ရွက်ပေးသည့်အပြင် KG တန်းမှ Grade – 5 တန်းထိ ကျောင်းသား၊ ကျေင်းသူ  တစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် ၁ ဒါဇင်  နှင့် ခဲတံ ၄ ချောင်းစီကိုလည်း​ကောင်း၊ Grade - 6 မှ Geade - 11 ထိကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင်  ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်    ၁ ဒါဇင်၊ ခဲတံ ၂  ချောင်းနှင့် ဘောပင် ၂ ချောင်း တို့ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)