မာန်အောင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်လဲကျရာတွင် ပျက်စီးသွားသော နေအိမ်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းနှင့်ငွေများပေးအပ်

မာန်အောင် မေ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ပုံအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ယခုလ၂၁ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ အုန်းပင်လဲကျ ပျက်စီးသွားသော မိသားစုများအား ယနေ့နံနက်၁၀နာရီက ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ၂၀၈၄၀၀ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအကာမြင့်နှင့်တာဝန်ရှိသူများက နေအိမ်ပျက်စီးသွားသူ ဦးနေလင်းနှင့်မိသားစုအား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)